နေပြည်တော် ၅ ဇွန်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနှင့် အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ဇွန် ၆ ရက်မှ ၇ ရက်ထိ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် ယနေ့နံနက် ၁ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနှင့်အတူ အဖွဲ့ဝင်အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း လိုက်ပါသွားကြောင်း သိရသည်။
သတင်းစဉ်