ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဉက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

ထိုသို့ စစ်ဆေးစဉ် တက္ကသိုလ်ဝင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ မဟာပါသာဏလိုဏ်ဂူတော်ရှိ ရေညှိများတိုက်ချွတ်ဆေးကြောနေမှု၊ လူသွားစင်္ကြံပလက်ဖောင်းနှင့် လမ်းများတစ်လျှောက် သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်