နေပြည်တော် ၁၀ မေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖူးကျောင့် နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး သွားရောက်ရန်နှင့် ဗီယက်နမ်နိုင်ငံ ဟနမ်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် (၁၆)ကြိမ် မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Le Gia Thinh နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့နှင့်အတူ အဖွဲ့ဝင်များအဖြစ် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြသည်။
(သတင်းစဉ်)