ဟနွိုင်း ၁၄  မေ  


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟာဒုန်းပိုးရွာ(Ha Dong Silk Village)သို့ သွားရောက်၍ ပိုးရွာအတွင်း ပိုးထည်ယက်လုပ်နေမှုနှင့် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။

 


ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။


နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ် နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး H.E. Mr. Nguyen Manh Hung၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Mrs. Luan Thuy Duong၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများက ဟနွိုင်းမြို့ Noi Bai ပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။  

 

1


နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Le Gia Thinh နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 


(သတင်းစဉ်)

1

 

1