မန္တလေး ၂၁ မေ
နိုင်ငံတကာ ကုန်တင်ကားမောင်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား စခန်းတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

နေ့စဉ်နှင့်အမျှ ကုန်တင်ကားကြီးများနှင့် ထိတွေ့မောင်းနှင်နေရသည့် ကားဆရာကြီးများကို အလေးထား ဂရုစိုက်သောအားဖြင့် ယခုလိုကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို FUSO Myanmar ကုန်တင်ကားကုမ္ပဏီမှ ကျင်းပပေးခြင်းဖြစ်ပြီး ကုန်တင်ကား မောင်းသူများအား ဂိမ်းကစားခြင်း၊ အဆိုတော် ဂျူးမီနှင့် ဂျူးလီတို့က သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့သည်။
အိမို့မို့ခိုင်