ရန်ကုန်၊ စက်တင်ဘာ ၁၆

 

စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၀၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ် ဦးဇော်ဇော်အား ချီတက် အလေးပြုကြပြီး ပါမောက္ခချုပ်က သင်တန်းသားစံပြဆုနှင့် သင်တန်းသူစံပြဆုတို့ကို ပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်၍ သင်တန်းသား/သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

 

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမော က္ခများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား (၂၄၂)ဦး၊ သင်တန်းသူ (၃၈၉) ဦး စုစုပေါင်း (၆၃၁) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဇူလိုင် ၁၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ ရက်သတ္တ (၁၀) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)