ရန်ကုန် မတ် ၂၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၀၈) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် တက္ကသိုလ်စ်ရေးပြကွင်း၌ ကျင်းပရာ ဦးစွာ သင်တန်းဆင်း တပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ဆက်လက်၍ ပါမောက္ခချုပ်အား အလေးပြုကြသည်။
ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၃၀၄ ဦးအောင်ထက်သော်၊ အငယ်တန်းစာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်းကောင်း၊ သင်တန်း သူစံပြဆုကို သင်တန်းသူအမှတ်-၈၈ ဒေါ်နန်းနှင်းယု လွှာဦး၊ အငယ်တန်းအင်ဂျင်နီယာ-၃၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။
ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြား စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၁၈၁)ဦး၊ သင်တန်းသူ (၂၈၃)ဦးစုစုပေါင်း (၄၆၄)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီ ၁၅ ရက်မှ မတ် ၂၂ ရက်အထိ ရက်သတ္တ(၁၀)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)