နမ့်ဆန် ၄ စက်တင်ဘာ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာရှိ မသန်စွမ်း ၄၁ ဦးတို့ကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့ပေါ်ရပ်ကွက်ရှိ မသန်စွမ်းသူများ၊ ကယားလမ်းကျေးရွာ အုပ်စုနှင့် ငွန်ဆိုင်းကျေးရွာတို့ရှိ မသန်စွမ်းသူများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြသည်။ ထို့အပြင် ကျေးရွာအုပ်စုအသီးသီးရှိ မသန်စွမ်းသူ ၇၇၉ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန် ဆက်)


