နမ့်ဆန် ဇူလိုင် ၁၈
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချပေးသော Oxygen Plant စက်ကြီးဖြင့် ထုတ်လုပ်လျက်ရှိရာ ထုတ်လုပ်ပြီးအောက်ဆီဂျင်အိုးများအား အကူအညီလိုအပ်သူများ၊ ဆေးရုံသို့ကုသမှုခံယူသူများအား လည်းကောင်း၊ နမ့်ဆန်အောက်ဆီဂျင် စေတနာ့လုပ်အားရှင် လူငယ်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှတစ်ဆင့် ရပ်ကွက်/ကျေးရွာရှိ အောက်ဆီဂျင် အကူအညီလိုအပ်သူများထံသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း (Oxygen Plant) ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်မောင်ထံမှ သိရှိရသည်။
၂၀၂၂ခုနှစ် မတ်လမှ ဇွန်လထိ 40L (၁၉၂)လုံး၊ 15L (၁၁၁)လုံး၊ 10L (၁၂)လုံး စုစုပေါင်း (၃၁၅)လုံး ထုတ်လုပ်နိုင်ခဲ့သည်။
နမ့်ဆန် (ပြန်/ဆက်)