နမ့်စန်(တ) ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အ.ထ.ကခွဲ(လေတပ်)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက် ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းကာ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


