နမ့်စန်  ၂၇   ဩဂုတ်


ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဦးစီးကော်မတီ၏ ဦးဆောင်ညွှန်ကြား မှုဖြင့်  မြို့ဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ဩဂုတ် ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


တောင်ကြီး-နမ့်စန် မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် ခိုလမ်-နမ့်စန် မြို့ဝင်စစ်ဆေးရေးဂိတ်တို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ နှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သူရအောင်(ပြန်/ဆက်)