နမ့်စန်(တ) ၁၄ မေ

  
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို  မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ  (လွိုင်လင်) မှ  စပါးတစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံ တစ်ဧကကို ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ထုတ်ချေးပေးလျှက် ရှိရာ မေလ ၁၃ ရက်နေ့တွင် ဟိုင်းနားကြီး ကျေးရွာအုပ်စုရှိ တောင်သူ ၁၅၉ ဦးအား  ကျပ်သိန်း ၉၈၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ချေးငွေများ ထုတ်ပေးနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် သက်ဆိုင်ရာဌာန အကြီးအကဲများမှ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နမ့်စန်မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၊ စပါး ၆၂၀ဝ ဧက၊ အခြားသီးနှံ ၂၀၅၀ ဧက၊ တောင်သူ ၁၅၀ဝ ဦးအတွက် ကျပ်သိန်း ၁၁၃၅၀ ထုတ်ချေးနိုင်ရန် လျာထားပြီး မေလမှ စက်တင်ဘာလအတွင်း အပြီး ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ(လွိုင်လင်) မှ မန်နေဂျာ ဦးကြည်စိုးထံမှ သိရသည်။


သူရအောင်(ပြန်/ဆက်)