မိုင်းပန် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဩဂုတ် ၉ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် နမ့်ဟောင်ဟူးချောင်း ရေများတက်လာပြီး နေရာတချို့၌ ရေများဖုံးလွှမ်းလျက်ရှိကာ စပါးစိုက်ခင်းများ ရေဖုံးလွှမ်းလျက်ရှိသည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းပန်မြို့နယ်၊ လွိုင်နွဲ့ကျေးရွာ အနိမ့်ပိုင်းရှိ အိမ်များတွင် လည်းကောင်း၊ မြို့အဝင် မဟာတေဇာ ဓိပတိစေတီတော် အနီးတစ်ဝိုက်ရှိ စပါးစိုက်ခင်းများနှင့် နမ့်စန် -မိုးနဲ - မိုင်းပန် - မိုင်းတုံ - မိုင်းဆတ် လမ်းမကြီးပေါ်ရှိ ၉ မိုင်ကျေးရွာတွင် ရေများ ဖုံးလွှမ်းလျက် ရှိသော်လည်း ခရီးသွားယာဉ်များ ပြတ်တောက်ခြင်းမရှိ ပုံမှန်အတိုင်း ပြေးဆွဲလျက် ရှိကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)
