နမ့်ခမ်း ၇ နိုဝင်ဘာ    

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများမှ မဲရုံအသီးသီးအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် နယ်မြေဇုန်တာဝန်ခံ ဌာနဆိုင်ရာများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များ တွေ့ဆုံပြီး ကျေးရွာရှိ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် အနည်း၊ အများအပေါ် မူတည်၍ မနက် ၆ နာရီ မဲရုံစဖွင့်သည့်အချိန်မှစ၍ မဲပေးရသူများ မဲပေးမှုပြီးဆုံးသည့် အချိန်မတူနိုင်သဖြင့် စောစောပြီးပါက သတ်မှတ်ထားသော မဲရုံပိတ်ချိန်ထိ ညနေ(၄)နာရီ စောင့်ဆိုင်းရန်မလိုဘဲ ကြီးကြပ်ရေးနယ်မြေဇုန် တာဝန်ကျအဖွဲ့နှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့  စာရင်းဇယားနှင့်တကွ စောစော သွားရောက် အပ်နှံနိုင်ကြောင်း၊ မဲပေးသည့်အချိန်ကာလ၌ ထူးခြားဖြစ်စဥ်များပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့နိုင်ရေးနှင့် မဲပေးသည့်အချိန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်ချုပ်ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်ညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မဲရုံကြီးကြပ်ရေး နယ်မြေဇုန်တာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မဲရုံများကြီးကြပ်ရေးတာဝန်ကျရာ နယ်မြေဇုန်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စုမှ မဲရုံ(၁၁)ရုံ သို့ သွားရောက်၍ မဲရုံဆိုင်ရာလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)