နမ့်ခမ်း  ၂   စက်တင်ဘာ 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ခမ်းမြို့နယ် ဦးစီးမှူးရုံးက ဩဂုတ် ၃၁ ရက်က နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀)အုပ်စုအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀၀၅) ကတ်ကို ပေးအပ်ခဲ့သည်။

 

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်တို့က  အမှာစကားပြောကြားပြီး  မြို့နယ်လဝကဦးစီးမှူး ဦးစန်းလွင်က လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လဝက ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအုပ်စုအလိုက် ပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

ဝေမွန်(ရွှေရည်မြေ)