မိုးညှင်း ၁ ဇွန်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီကျောက်မျက်ဒေသတွင် ရာသီချိန်လုပ်ငန်းများ ခေတ္တရပ်နားသဖြင့် အလုပ်သမားများနေရပ်သို့ အသီးသီး ပြန်လည်ထွက်ခွာလျက်ရှိကြောင်း သိရသည်။
"ရာသီချိန်ကုန်ပြီဖြစ်လို့ လောလောဆယ်မှော်ကတော့ ခဏရပ်နားထားပါတယ်။ လာမယ့် ၁၀ လပိုင်း အောက်တိုဘာလလောက်မှ ပြန်စတော့မှာပါ။ အလုပ်နားချိန် မိဘတွေဆီကို ပြန်ပြီးအနားယူမလို့ပါ" ဟု ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှ စက်ယန္တရားမောင်းနှင်သူ နမ္မချီမော် မဟာကြယ်ကုမ္ပဏီမှ ကိုဇော်အောင်က ပြောကြားသည်။
နမ္မချီကျောက်မျက်ဒေသတွင် စက်ယန္တရားမောင်းသူများမှာ တစ်လလျှင်ငွေကျပ် ၄ သိန်း၊ မြေစာပစ်ယာဉ်မောင်းမှာ ၃ သိန်းခွဲရပြီး တစ်ရာသီ ၇ လ၊ လုပ်ငန်းလုပ်ချိန်တွင် ငွေကျပ် ၃၀ သိန်းထိ စုမိကြောင်း၊ ၁ လလျှင် ပုံမှန်လစာငွေ ၄ သိန်းကို ၃ လပြည့်ပါက ဘောက်ဆူး အပိုငွေအဖြစ် ၁ လစာငွေကျပ် ၄ သိန်းရကြောင်း၊ ဘောက်ဆူးငွေဆိုသည်မှာ အလုပ်ချိန်တစ်ရာသီအတွင်း ပြဿနာတစ်စုံတစ်ရာ မဖြစ်ရကြောင်း ကုမ္ပဏီတစ်ခုနင့် တစ်ခု ဘောက်ဆူးပေးပုံ မတူကြောင်း၊ မဟာကြယ်ကုမ္ပဏီကဲ့သို့ နမ္မချီမှော်ဒေသတွင် ကျေက်မျက်ကုမ္ပဏီပေါင်း ၁၀ ခုခန့်သာရှိကြောင်း၊ ကုမ္ပဏီ ၁ ခုလျှင် စက်ကြီးမောင်း၊ ယာဉ်မောင်း၊ ကျောက်ရှာ အထွေထွေလုပ်သား၊ ကြီးကြပ်ရေးမှူး စသဖြင့်ဝန်ထမ်း အင်အား ၇၀ဝ နှင့် ၁၀ဝ၀ အထိရှိကြောင်း၊ ဖားကန့်ကျောက်မျက်ဒေသကဲ့သို့ ကုမ္ပဏီဆိုဒ်ကြီးကြီးမားမား မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နီတိုး (မိုးညှင်း)
