နမ္မတူ ၁၂ ဇူလိုင်


ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီလီမီတက်မှ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်၊ ဝတ်စုံ၊ မိုးကာအင်္ကျီ လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ချယ်ရီဆောင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးသံလွင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဝင်းမြင့်မိုရ်  စက်မှုကုမ္ပဏီလီမီတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးသံလွင်မြင့်နှင့် အဖွဲ့သည် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ မူလတန်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၂၈)ဦးအတွက် ကျောပိုးအိတ် (၃၂၈)လုံး တန်ဖိုး (၁၇၂၂၀ဝ၀)ကျပ်၊ အင်္ကျီ (၃၂၈)ထည် တန်ဖိုး (၉၀၂၀ဝ၀)ကျပ်၊ ကျောင်းဝတ်စုံ (၆၅၆)စုံ တန်ဖိုး (၁၈၀၄၀ဝ၀)ကျပ်၊ ဆရာ၊ ဆရာမဝတ်စုံ (၁၀)စုံအတွက် (၁၂၆၀ဝ၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၄၅၅၄၀ဝ၀)ကျပ်ခန့် ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်သူဇာအေးက ကျေးဇူးတင်စကား ပြောကြားပြီး၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများက  ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီလီမီတက်အား ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြောင်း သိရသည်။


လူမော်(ပြန်/ဆက်)