နမ္မတူ ၂၂ စက်တင်ဘာ
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး “သဘာဝဘေးအန္တရာယ်ဆိုင်ရာ” အသိပညာပေး (Talk Show) ကို စက်တင်ဘာ (၂၂)ရက် နံနက် (၁၁)နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက Online စနစ်ဖြင့် အများပြည်သူအသိပညာပေး “သဘာဝဘေးအန္တရာယ်ဆိုင်ရာ” အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်သူနှင်းက သဘာဝဘေးအန္တရာယ် (၈)မျိုး ရှိသည့်အနက် ရှမ်းပြည်နယ်အတွင်းတွင် ဖြစ်နိုင်ခြေ များသော မီးဘေး၊ ရေဘေး၊ ငလျှင်ဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးအန္တရာယ် အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအား အများပြည်သူ အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး “သဘာဝဘေးအန္တရာယ်ဆိုင်ရာ” အသိပညာပေး (Talk Show) ကို “နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက်” Page နှင့် “IPRD Namtu” Page တို့တွင် အများပြည်သူအသိပညာပေး ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း ထံက သိရှိရပါသည်။
လူမော် (ပြန်/ဆက်)


