နမ္မတူ ၅ ဇွန်


ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ ရောင်ခြည် ခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲအား အထက်တန်းဆင့် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြိမ်းကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့် မျိုးဆက်သစ်ဘဝလှပဖို့ မူယစ်ဟူသမျှ ရှောင်ရှားစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးကျင်းပခဲ့ရာ မြို့နယ်တွင်းရှိ အခြေခံပညာသင်ကျောင်း (၁၀)ကျောင်းမှ ထက်/လယ်/မူဆင့် ကျောင်းသား/ကျောင်းသူ (၆၃)ဦးခန့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ 


ပြိုင်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူး ဗိုလ်ကြီး သိန်းလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြကာ ပြိုင်ပွဲကြီးကြပ်ရေးဆရာ/ဆရာမများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း နှင့်အညီ ကြီးကြပ်ခဲ့ကြကြောင်း သိရသည်။


လူမော် (ပြန်/ဆက်)