နမ္မတူ ၁ ဇွန်
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာအုပ်စု (၈)အုပ်စုသို့ မူးယစ်ဆေးဝါးပပျောက်ရေး ဘိန်းအစားထိုးလုပ်ငန်း နှစ်ချင်းသီးနှံ နယူးဧရာ-၁ စပ်မျိုးစပါး မျိုးစေ့များ ထောက်ပံပေးအပ်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
စပ်မျိုးစပါးမျိုးစေ့များ ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထွန်းမင်းဦးက နယူးဧရာ-၁ စပ်မျိုးစပါး မျိုးစေ့များ ထောက်ပံ့ပေးအပ်သည့် ရည်ရွယ်ချက် လေးရပ်ကို ရှင်းလင်းပြောကြားကာ နမ္မတူမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု (၈)အုပ်စုအတွက် နယူးဧရာ-၁ စပ်မျိုးစပါး မျိုးစေ့များ ဧက (၇၀)စာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကျေးရွာအုပ်စု (၂၃)အုပ်စုအတွက် သဘာဝဘေးအန္တရာယ် (၈)မျိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၁၈၄)စောင်အား အခမဲ့ဖြန့်ဝေခဲ့သည်။
လူမော်(ပြန်/ဆက်)