နမ္မတူ ၂၀ ဩဂုတ်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ  ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ စားသောက်ကုန် (၅)မျိုးဝယ်ယူရန် နမ္မတူမြို့နယ်  (IDP)စခန်း (၃)ခုရှိ  တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်း၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဌ ဦးစိုင်းဘဉာဏ်နှင့် တာဝန်ရှိသူများက ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်း တို့ရှိ  တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၂၂ စုတို့အတွက် တစ်အိမ်ထောင်လျှင် ကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ် ၄၈၈၀၀၀၀ အား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)