နမ္မတူ ဩဂုတ် ၂၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၆ ရက်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက လူကုန်ကူးမှု တားဆီးကာကွယ်ရေး  အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ တားဆီးကာကွယ်ရန် နည်းလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ (Grade-8) နှင့် (Grade-9) ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ရာ မြို့နယ်ပညာရေးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)