နမ္မတူ ၂၁ မေ
USAID အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် MIGS အဖွဲ့မှ တိုက်ပွဲရှောင် အမျိုးသမီးများ၏ စွမ်းရည်မြှင့် သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ MIGS အဖွဲ့ဝင် ဒေါ်မိုင်းမိုင်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုက်ပွဲရှောင်အမျိုးသမီးများ၏ စွမ်းရည်မြှင့်သင်တန်းအား ဆရာမဒေါ်နန်နူးမှ လိင်သတ်မှတ်ချက်နှင့် ကျားမရေးရာ၊ ကျားမရေးရာ အခန်းကဏ္ဍများ၊ ကျားမရေးရာ အကြမ်းဖက်မှုများနှင့် အမျိုးသမီးအခွင့်အရေးများ စသည်ဖြင့် ကဏ္ဍများအလိုက် ပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်တန်းကာလမှာ မေလ ၂၀ ရက်မှ ၂၁ ရက်အထိ (၂)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ အမျိုးသမီး (၃၅)ဦးခန့်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
