နမ္မတူ ၂၁ ဩဂုတ်
ဂရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်းမှ ခံစားသူများ၏ အခြေခံစီးပွားရေးဆိုင်ရာ အရည်အသွးများ မြင့်တင်ပေးရန်၊ အကျိုးခံစားသူများ၏ မိသားစုတွင်း အပိုဝင်ငွေရရှိ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံ စီးပွားရေးသင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းခန်းမ၌ ဩဂုတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းမှ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ ဦးဖုန်းအောင် (livelihood technician)၊ ဦးလှဒွဲ (field facilitator) နှင့် ဦးတူလီ (field facilitator)တို့က စီးပွားရေး လုပ်ငန်းတစ်ခု ရွေးချယ်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းရည်၊ ဆက်သွယ်/ဆက်ဆံရေးနှင့် ဆက်သွယ်ရေး၏ အရေးပါပုံ၊ လုပ်ငန်းမစတင်မီ လေ့လာသင်ယူရမည့် အချက်များ၊ ဈေးကွက်သုတေသနအခြေခံ၊ စီးပွားရေး စီမံကိန်း ရေးဆွဲခြင်း၊ စိန်ခေါ်မှု အခက်အခဲများ ဖော်ထုတ်ခြင်း၊ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု၊ ထုတ်ကုန်တန်ဖိုး မြှင့်တင်ခြင်း၊ ဈေးကွက်ရှာဖွေဖော်ထုတ်ခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ မှတ်တမ်းပြုစုနည်း စသည့်သင်ခန်းစာများအား ဩဂုတ် ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၃) ရက်တာ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ပို့ချဆောင်ရွက်ခဲ့ရာ ကြူဆော့ (IDP)စခန်းမှ သင်တန်းသား အမျိုးသား တစ်ဦး၊ အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ကိုးဦး သင်တန်းတက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)