နမ္မတူ ၁၅ ဩဂုတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများအလိုက် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ (၂၁)ရက်အတွင်း မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား လာရောက်ကြည့်ရှုသူ (၉၀၄၅)ဦးရှိပြီး ပြင်ဆင်လျှောက်ထားသူ (၂၉၅၂)ဦးရှိကြောင်း သိရသည်။
ထိုသို့ နမ္မတူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပထမအကြိမ်ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများ (၉၀၄၅)ဦးခန့် လာရောက်ကြည့်ရှုကြပြီး မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျောက်ထားသူ (၁၈၄၉)ဦး၊ ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့် လျှောက်ထားသူ (၅၁၃)ဦးနှင့် အချက်အလက် ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ (၅၉၀)ဦးရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုးထံမှ သိရှိရပါသည်။
နမ္မတူမြို့နယ်၌ ပထမအကြိမ် ကပ်ထားကြေညာသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၃၀၄၃၃)ရှိပြီး၊ မဲရုံပေါင်း (၄၈)ရုံရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


