ဘားအံ ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာဘွဲ့ (၆)နှစ်သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)တွင် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာ (၆)နှစ်သင်တန်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တတိယနှစ်၊ (ပထမနှစ်ဝက်)သင်တန်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် ၊ ပဉ္စမနှစ်နှင့် ဆဋ္ဌမနှစ်တို့၏ (ဒုတိယနှစ်ဝက်) သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၅၀ ခန့် အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုများကို နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်နှင့် ဌာနမှူး၊ ဆရာ/ဆရာမ များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)