ဟင်္သာတ ၊  ၁၅   ဇူလိူင်

 

ဟင်္သာတမြို့နယ်အတွင်းရှိ  ကိုဗစ် -၁၉ Positive  လူနာများ ပိုမို ကူးစက်လာပါက   ဆေးကုသရန် နေရာအခက်အခဲမရှိစေရေး အတွက် ယမန်နေ့က ခရိုင်နှင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ တို့ ညိှနိူင်းကာ Covid -19 လူနာများ  ထားရှိရန်အတွက် နည်းပညာတက္ကသိုလ် ( ဟင်္သာတ) ကျောင်းရှိ ဟင်္သာမေ အဆောင် ကို  ယာယီဆေးရုံ  အဖြစ် တိုးချဲ့ ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပြင်ဆင်  ဆောင်ရွက်ရာ  ခရိုင်မြို့နယ် ကိုဗစ် -၁၉ ကော်မတီ များ ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်များ ၊ ဒုတိယ ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများက  အဆောင် သန့်ရှင်းရေး ၊ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ   စု‌ပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သော ပြင်ဆင်  ဆောင်ရွက်မူ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကိုဇော်(ဟင်္သာတ)