ဟင်္သာတ ၊ ၁၅ ဇူလိူင်
ဟင်္သာတမြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ Positive လူနာများ ပိုမို ကူးစက်လာပါက ဆေးကုသရန် နေရာအခက်အခဲမရှိစေရေး အတွက် ယမန်နေ့က ခရိုင်နှင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ တို့ ညိှနိူင်းကာ Covid -19 လူနာများ ထားရှိရန်အတွက် နည်းပညာတက္ကသိုလ် ( ဟင်္သာတ) ကျောင်းရှိ ဟင်္သာမေ အဆောင် ကို ယာယီဆေးရုံ အဖြစ် တိုးချဲ့ ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ပြင်ဆင် ဆောင်ရွက်ရာ ခရိုင်မြို့နယ် ကိုဗစ် -၁၉ ကော်မတီ များ ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်များ ၊ ဒုတိယ ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများက အဆောင် သန့်ရှင်းရေး ၊ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သော ပြင်ဆင် ဆောင်ရွက်မူ များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)


