မြိတ် ၇ ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်းနယ်မြေရှိ မြိတ်ပြည်သူ့ဆေးရုံကြီး၌ ဇူလိုင် ၆ ရက် နံနက် ၉ နာရီက နည်းပညာတက္ကသိုလ် (မြိတ်) ၏ ရွှေပါရမီသွေးလှူရှင်အသင်းနှင့် ကြက်ခြေနီအသင်းတို့မှ ကြီးမှူးကျင်းပသော (၁၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

3801

 

မြိတ်နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၈ ဦးတို့က စုပေါင်းသွေးလှူဒါန်းရာ မြိတ်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာ လမင်းစိုးနှင့် သူနာပြု ဆရာမများ၊ ဓာတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်းများက သွေးဖောက်စစ်ဆေး၍ သွေးအုပ်စုခွဲပေးခြင်းနှင့် သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

3826

 

ဆက်လက်၍ သွေးလှူဒါန်းသူများကို မြိတ်နည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာမ ဒေါ်မိမိဆွေနှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ မြိတ်နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးတို့က မြိတ်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်သို့ သွေးအိတ်ပေါင်း (၅၈)အိတ်ကို စုပေါင်းလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသူများကို အာဟာပြည့်အစားအစာများ ပေးအပ်ခဲ့ကြသည်။

“ဆရာမတို့ကျောင်းက ကျောင်းသား ကျောင်းသူတွေ တစ်နှစ်မှာ နှစ်ကြိမ်အထိ စုပေါင်းသွေးလှူဒါန်းတာ ဖြစ်ပါတယ်။ ဆေးရုံမှာ အရေးပေါ် သွေးလိုအပ်နေတဲ့ လူနာတွေအတွက် ရည်ရွယ်ပြီး လှူဒါန်းတာဖြစ်ပါတယ်။ အခုဆိုရင် စုပေါင်းသွေးလှူဒါန်းလာတာ (၁၂)ကြိမ်မြောက်ရှိပါပြီ”ဟု မြိတ်နည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာမ ဒေါ် မိမိဆွေက ပြောသည်။

မြင့်ဦး(မြိတ်)