ပုသိမ်ကြီး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ ကျောင်းဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘွဲ့ကြို (အင်ဂျင်နီယာ ဗိသုကာ) သင်တန်းများနှင့် ဘွဲ့လွန် (အင်ဂျင်နီယာ မဟာဗိသုကာ) သင်တန်းများ သင်ကြားလျက်ရှိကာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)