ညောင်လေးပင်  ၄   မတ်

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ညောင်လေးပင် မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်မောင်မယ်များအား ကျန်းမာကြံ့ခိုင်ပြီး စာရိတ္တမြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ  ၁၀ ရက်နေ့မှ စတင်၍  နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းသင်တန်းတွင် အားကစားနည်း ခြောက်မျိုးအား အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး  ဘောလုံး၊ စားပွဲတင်တင်းနစ်၊တိုက်ကွမ်ဒို၊ Fitness Dance ကစားနည်းများကို ညနေ ၄ နာရီမှ ၅ နာရီခွဲထိ လည်းကောင်း ၊ ဘတ်စကတ်ဘောနှင့်  ကြက်တောင် ကစားနည်းများကို နံနက် ၇ နာရီမှ ၈ နာရီခွဲထိ လည်းကောင်း  မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတို့တွင်  မတ် ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

 

အဆိုပါသင်တန်းကို ညောင်လေးပင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ နည်းပြ ဆရာ/ ဆရာမ (၁၂)ဦးတို့က လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက် လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးတွင် စာရင်းပေးသွင်းနိုင်ပါကြောင်း သိရှိရသည်။

 

သက်လွင် (ညောင်လေးပင်)