ညောင်လေးပင် ၄ မတ်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညောင်လေးပင် မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်မောင်မယ်များအား ကျန်းမာကြံ့ခိုင်ပြီး စာရိတ္တမြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ ၁၀ ရက်နေ့မှ စတင်၍ နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းတွင် အားကစားနည်း ခြောက်မျိုးအား အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဘောလုံး၊ စားပွဲတင်တင်းနစ်၊တိုက်ကွမ်ဒို၊ Fitness Dance ကစားနည်းများကို ညနေ ၄ နာရီမှ ၅ နာရီခွဲထိ လည်းကောင်း ၊ ဘတ်စကတ်ဘောနှင့် ကြက်တောင် ကစားနည်းများကို နံနက် ၇ နာရီမှ ၈ နာရီခွဲထိ လည်းကောင်း မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတို့တွင် မတ် ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ညောင်လေးပင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ နည်းပြ ဆရာ/ ဆရာမ (၁၂)ဦးတို့က လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက် လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးတွင် စာရင်းပေးသွင်းနိုင်ပါကြောင်း သိရှိရသည်။
သက်လွင် (ညောင်လေးပင်)


