ညောင်လေးပင် ၂၀ မေ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ချောင်းရင်းကျေးရွာအုပ်စု ငါးကြီးအိုင်ကျေးရွာ၌ မေ ၁၉ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှုဖြစ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ငါးကြီးအိုင်ကျေးရွာတွင် အိမ်ခြေ ၁၉ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ အမိုးအကာများ ပျက်ဆီးခဲ့ပြီး ဓာတ်တိုင် ၁၂ တိုင် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ခင်မောင်လွင်(ညောင်လေးပင်)