ညောင်ရွှေ ၅ ဇွန်
ညောင်ရွှေမြို့စာချစ်သူများ အဖွဲ့များအဖွဲ့မှ စုစည်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးစာပေပြပွဲ၊ ရှားပါးစာအုပ်၊ သုတ၊ ရသ၊ သင်ထောက်ကူနှင့် စာအုပ်ဈေးရောင်းပွဲတောင်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ရွှေမြို့ ဖောင်တော်ဆိုက်လမ်းနှင့် ကျောင်းတော်အရှေ့လမ်းထောင့်၌ ကျင်းပခဲ့သည်။
စာအုပ်ဈေးရောင်းပွဲတော်အား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြ၊ စဝ်စံထွန်းစာကြည့်တိုက်ဥက္ကဋ္ဌ ဦးကျော်ထွန်းအေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများက ခင်းကျင်းရောင်းချလျက်ရှိသည့် စာအုပ်ဆိုင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၁၉)ဆိုင် ပါဝင်ပြီး ဇွန် ၅ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသက်နိုင် (ပြန်/ဆက်)


