ညောင်ရွှေ  ၁၄  စက်တင်ဘာ

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ညောင်ရွှေမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များ အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျော့နည်းပပျောက်စေရေး၊ ဘိန်းအစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးရေးအကြောင်းနှင့် မှုခင်းကျဆင်းရေး အကြောင်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

 

ထို့နောက် ညောင်ရွှေမြို့နယ်၊ စံကားရဲကင်းမှူး ရဲအုပ်တင်မောင်အေးက မူးယစ်ဆေးဝါး ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးနှင့် ဒေသတွင်းမှုခင်းကျဆင်းရေး အကြောင်းများကို ရှင်းလင်းဟောပြော ခဲ့သည်။

 

ဟောပြောပွဲသို့ လွယ်မွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုင်းအယ်ဘဲ(ပြန်/ဆက်)