ညောင်ရွှေ ၁၄ စက်တင်ဘာ
ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရ၏ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသည့် ငါးမွေးတောင်သူများအား ၎င်းတို့၏နေရာအရောက် ငါးသားပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟ ထွေးနှင့် တာဝန်ရှိသူများမှ ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ မော်တော်ယာဉ်ဖြင့် သွားရောက်၍ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးတောင်သူ (၂၈)ဦး၏ ငါးမွေးမြူရေးဧက စုစုပေါင်း (၁၇၅ ဒသမ ၁၁) ဧကအတွက် ငါးမြစ်ချင်းသားပေါက်၊ ငါးခုံးမသားပေါက်၊ ရွှေဝါငါးကြင်းသားပေါက်၊ မြက်စားငါးကြင်းသားပေါက် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၅၀၂၂၀) ကောင်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)


