ညောင်တုန်း ၂၂ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ် အမှတ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ယာယီမြို့နယ်ဦးစီးမှူး ဦးမောင်မောင်စန်းနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းပြုလုပ် ပေးလျက်ရှိသည်။
ထိုသို့ပြုလုပ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကော်မရှင်မဲစာရင်းတွင်အမည်ပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)