ညောင်တုန်း     ၂၁       အောက်တိုဘာ    

         

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ (၄၁) လမ်း ကမ်းနားတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က နေအိမ် (၂) လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရသည်။

 

ညောင်တုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၄၁)လမ်း ကမ်းနားတွင် ပန်းလှိုင်မြစ်ရေ တိုက်စား မှုကြောင့် မြစ်ကမ်းပါးပြိုကျမှုမှာ ကမ်းခြေမှ အလျားပေ(၁၀ဝ)၊ အနံပေ (၅၀) ခန့် ပြိုကျမှုကြောင့် နေအိမ် (၂) လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အဆိုပါ မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦးတို့အား ၎င်းတို့၏ ဆွေမျိုးများ နေအိမ်သို့ တာဝန်ရှိသူများက ခေတ္တပြောင်းရွှေ့ နေရာချထား ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)