ညောင်တုန်း ၁၂ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ဖွင့်လှစ်သော တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကို ယနေ့ နံနက် ၉ နာရီက စွန်တနီးကျေးရွာအုပ်စု၊ လှိုင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်ဌေးနိုင်က မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျ မွေးမြူတတ်စေရန်၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ (CERP) အရ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းများကို မြို့ပေါ်နှင့် ကျေးရွာများတွင် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ (CERP) အရ ဖွင့်လှစ်သော တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွင် ဝက်မွေးမြူ ထုတ်လုပ်မှု သင်တန်း၊ ကြက်မွေးမြူ ထုတ်လုပ်မှုသင်တန်း၊ သိုး/ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်း၊ ကျွဲ/နွား မွေးမြူထုတ်လုပ်မှုသင်တန်းတို့ပါဝင်မည်ဖြစ်ပြီး သင်တန်းတစ်မျိုးလျှင် ၃ ရက်ကြာ လူဦးရေ ၂၀ တို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)