နေပြည်တော် ၁၉ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအနီး ပန်းလှိုင်မြစ်အတွင်း၌ အောက်တိုဘာ ၁၇ ရက် ည ၁၁ နာရီ ၁၀ မိနစ်က တွဲရေယာဉ် ၂ စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါမြစ်အတွင်း၌ ရန်ကုန်ဘက်မှ ညောင်တုန်းဘက်သို့ ငါန်းဇွန်မြို့နယ်၊ ထန်းဇင်လှကျေးရွာနေ ဦးကျော်ခိုင်ဝင်း (၄၉)နှစ် မောင်းနှင်လာသော ဒီဇယ်ဆီ ၂၈၉၉၁၈ ဂါလန် တင်ဆောင်လာသည့် “REGENCY -1” အမည်ရှိ တွဲရေယာဉ်၏ အနောက်ပိုင်းနှင့် မျက်နှာချင်းဆိုင်မှ လက်ပံတန်းမြို့နယ်၊ ကျုံလဟာကျေးရွာနေ ဦးကျော်သူရ (၄၂)နှစ် မောင်းနှင်လာသော ကျောက်စရစ် ၃၂၅ ကျင်း တင်ဆောင်လာသည့် “ယိုကိုဟားမား-၄” အမည်ရှိ တွဲရေယာဉ်၏ အရှေ့ပိုင်းတို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့သဖြင့် “REGENCY -1” တွဲရေယာဉ်နောက်ပိုင်းမှာ ပျက်စီးခဲ့ပြီး ဒီဇယ်ဆီ ၂၀၀၀၀ ဂါလန်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ခိုင်ဝင်းနှင့် ဦးကျော်သူရတို့အား မဲဇလီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား