mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာအနီး ပန်းလှိုင်မြစ်အတွင်း၌ အောက်တိုဘာ ၁၇ ရက် ၁၁ နာရီ ၁၀ မိနစ်က တွဲရေယာဉ် စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါမြစ်အတွင်း၌ ရန်ကုန်ဘက်မှ ညောင်တုန်းဘက်သို့ ငါန်းဇွန်မြို့နယ်၊ ထန်းဇင်လှကျေးရွာနေ ဦးကျော်ခိုင်ဝင်း (၄၉)နှစ် မောင်းနှင်လာသော ဒီဇယ်ဆီ ၂၈၉၉၁၈ ဂါလန် တင်ဆောင်လာသည့် “REGENCY -1” အမည်ရှိ တွဲရေယာဉ်၏ အနောက်ပိုင်းနှင့် မျက်နှာချင်းဆိုင်မှ လက်ပံတန်းမြို့နယ်၊ ကျုံလဟာကျေးရွာနေ ဦးကျော်သူရ (၄၂)နှစ် မောင်းနှင်လာသော ကျောက်စရစ် ၃၂၅ ကျင်း တင်ဆောင်လာသည့်ယိုကိုဟားမား-အမည်ရှိ တွဲရေယာဉ်၏ အရှေ့ပိုင်းတို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့သဖြင့် “REGENCY -1” တွဲရေယာဉ်နောက်ပိုင်းမှာ ပျက်စီးခဲ့ပြီး ဒီဇယ်ဆီ ၂၀၀၀၀ ဂါလန်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ခိုင်ဝင်းနှင့် ဦးကျော်သူရတို့အား မဲဇလီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား