ညောင်တုန်း ၂၂ မေ          


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စုအတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မေလ ၂၁ ရက် ည ၆ နာရီခွဲက လူနေအိမ် (၃၂) လုံး ပြောင်းရွှေ့ခဲ့ရသည်။


ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် တဇင်ရေကျော်ကျေးရွာအုပ်စုအတွင်းရှိ ပတုတ်ကျေးရွာ၊ ရေကျော်ကျေးရွာ၊ ပန်းဆိပ်ကျေးရွာ၊ ကဇန်းကျေးရွာ၊ ခနာကျေးရွာ၊ ပနော်ကျေးရွာ၊ ကျုံဝါးကျေးရွာနှင့် တဇင်ကျေးရွာ ကျေးရွာပေါင်း (၈)ရွာရှိ ပြိုကျပျက်စီးသော လူနေအိမ် (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၄၇)ဦးနှင့် အမိုးလန်ပျက်စီးသော လူနေအိမ် (၂၁)လုံး၊ အိမ်ထောင်စု (၂၁)စု၊ လူဦးရေ (၁၀၄)ဦးတို့အား တာဝန်ရှိသူများက ယင်းတို့၏ ဆွေးမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့ နေရာချထားပေးခဲ့သည်။


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃၂)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ဝဠာနိုင်(ညောင်တုန်း)

 

1