ညောင်တုန်း  ဧပြီ  ၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါအသိပညာပေး နံရံကပ်စာစောင်တွင် မုန်တိုင်းဘေး၊ လေပြင်းဘေး သတိပေးစနစ်တွင်ပါရှိသည့်  အရောင် အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်းတိုင်းသတိပေး ချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ၊ ကာတွန်းများ၊ ဆောင်ပုဒ်များပါဝင်သည့် အသိပညာပေးနံရံကပ် စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)