တောင်သာ ၂၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ညောင်ဦး-မြင်းခြံသွား လမ်းပိုင်းမိုင်တိုင်အမှတ် (၃၃/၁)နှင့် (၃၃/၃)ကြားရှိ တံတားအမှတ်(၁၁) ဆင်တဲဝချောင်းကူးတံတားသည် ပျက်စီးနေပြီး ကားလမ်း၊ ရထားသံလမ်းများနှင့် တစ်ဆက်တည်းရှိနေခြင်းကြောင့် ခရီးသွား ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် တံတားအသစ်ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့သည်။
အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)မှ ဦးဌေးဦး(ညွှန်ကြားရေး)မြို့ပြနှင့် ဒေါ်ခိုင်ခိုင်ကျော် (လက်ထောက်ညွှန်ကြားရေးမူး) မြို့ပြ တို့က ဦးစီးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တံတားအမျိူးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတား အရှည် (၉၃၅) ပေ ရှိသည်။ ယခု တည်ဆောက်နေသည့် ဆင်တဲဝချောင်းကူးတံတားသည် ဒေသခံပြည်သူများ နေ့စဉ်သွားလာရာတွင် အထောက်အကူပြုပေးမည်ဖြစ်၍ ဒေသခံများအနေနှင့် ဝမ်းသာလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(မလှိုင်)