ညောင်ဦး  ၂၉   ဩဂုတ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးကူညီပေးနိုင်ရန်အတွက် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနများ အပါအဝင် နယ်မြေမီးသတ်တပ်ဖွဲ့စခန်းများရှိ တပ်ဖွဲ့ဝင်များအား အသင့်ပြင်ဆင်ထားကြောင်း ခရိုင်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

“ကျွန်တော်တို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန လက်အောက်ရှိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်မြို့နဲ့ ပုဂံမြို့မှာရှိတဲ့ မီးသတ်ဦးစီးဌာနများနဲ့ တိုက်နယ်အဆင့် နယ်မြေမီးသတ် တပ်ဖွဲ့စခန်းတွေအားလုံးကို သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီပေးနိုင်ဖို့ ရှာဖွေကူညီ ကယ်ဆယ်ရေးပစ္စည်းများဖြင့် အသင့်အနေအထား ပြင်ဆင်ထားပြီးဖြစ်ပါတယ်”ဟု ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် က ပြောသည်။

ပြည်သူတွေအနေနဲ့ အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ ရေဘေး၊ မီးဘေး ၊ လေဘေး၊ ငလျင်ဘေး၊ ယာဉ်မတော်တဆမှု ဖြစ်စဉ်များနဲ့ အခြားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက  ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနရုံး ဖုန်း - ၀၆၁ ၂၄၆၂၀၄၇  ၊ ၁၉၁ ၊ ၀၉-၄၀၅၇၄၆၃၂၆၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနရုံး ဖုန်း - ၀၆၁ ၂၄၆၀၁၉၁ သို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )