ညောင်ဦး ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ဧပြီ ၉ ရက်နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးသူ ၄၈၀၂၅၅ ဦးရှိလာကြောင်း ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာအသီးသီး၌ ကိုဗစ် ၁၉ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးသူ ၂၃၈၁၅၄ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးသူ ၂၄၂၁၀၁ ဦးနှင့် ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးသူ ၄၈၀၂၅၅ ဦးရှိလာကြောင်း၊ ဝေးလံသည့်ဒေသများနှင့်လာရောက်ဆေးထိုးရန်မလွယ်ကူသည့်ဒေသများသို့လည်းနယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။
ကိုထိန်