ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံး သူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၇၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး Mobile ကားဖြင့် လိုက်လံရောင်းချပေးခဲ့ပြီး စားအုန်းဆီပိဿာချိန် ၁၀၀၀ ပိဿာ ရောင်းချပေး နိုင်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ