ညောင်ဦး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းအုပ်စု အင်ကြင်းမြိုင်တဲတိုက်သို့ ယနေ့ နံနက်ပိုင်းက ဝေမျှခြင်းပရဟိတ(ရန်ကုန်)မှ သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ပြီး သောက်သုံးရေလိုအပ်နေသော အခြေခံပညာ မူလတန်းကျောင်း ၅ ကျောင်းမှလည်း သောက်သုံးရေလှူဒါန်းဖို့ ဆက်သွယ်ထားပြီး ဝေမျှခြင်း ပရဟိတမိသားစုမှ အမြဲလှူဒါန်းပေးမည်ဖြစ်ကြောင်း ဦးဝင်းမင်းထွန်း (အေးမေတ္တာသောက်ရေ အလှူတော်)ထံမှ သိရသည်။
ကိုကြေးမုံ