ညောင်ဦး ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးဌာနအသုံးပြုထားခြင်း အတွက် တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အသုံးပြုထားသည့် မြေနေရာသည် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ သန့်စင်ကြယ်ကျေးရွာရှိ ဦးလှရွှေပိုင်ဆိုင်သောမြေအတွက် လျော်ကြေးငွေ (၄၂၆၂၅၀၀၀)ကျပ်၊ ဦးတင်ကြည် ပိုင်ဆိုင်သောမြေ(၀.၄၁၈)ဧကအတွက် မြေယာလျော်ကြေးငွေ (၅၂၂၅၀၀၀)ကျပ်နှင့် ဦးမောင်ရင် ပိုင်ဆိုင်သောမြေ (၀.၆၁၈)ဧကအတွက် လျော်ကြေးငွေ (၇၇၂၅၀၀၀)ကျပ်တို့ကို ညောင်ဦမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ အသိသက်သေများရှေ့မှောက်တွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုကြေးမုံ