ညောင်ဦး ၂၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူတိုက်နယ် မီးသတ်စခန်းမှ တပ်ကြပ် အောင်ကိုမင်း ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင်(၃) ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့က ညောင်ဦးမြို့နယ် စဉ့်ကူအုံမြားချောင်းရေကြီးမှုဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူစေရန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ် စဉ့်ကူအုံမြား ချောင်းရေကြီးမှုကြောင့် ဆိုင်ကယ်များ၊ ကားများနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းမရဘဲ ခရီးကြန့်ကြာမှုများ ဖြစ်ခဲ့သဖြင့် တပ်ကြပ် အောင်ကိုမင်းနှင့် အဖွဲ့ဝင်များမှ ဆိုင်ကယ်နှင့် ချောင်းဖြတ်ကူးသူများ ချောင်းထဲ မျှောပါမသွားစေရေးနှင့် လူများ အန္တရာယ် မဖြစ်ပွားစေရေး ကူညီကယ်ဆယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)